မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲခြင်း
မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲခြင်း ရက်စွဲ။ ။၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံတွင် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမောင်မောင်ကျော်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ Indianapolis အင်ဒီယားနားပူးလစ်မြို့၊ Ascension St. Vincent Hospital တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ကွယ်လွန်ခြင်း အပေါ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် ကျန်ရစ်သူမိသားစု နှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ကျော် ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်အား အစဉ်လေးစား အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။ တော်လှန်ရေးသစ္စာဖြင့် […]
